မမြင်နိုင်ဘူး အပြင်ဘက် တနေရာစီကို
တချိန်ချိန်မှာမြင်နိုင်စေဖို့ ပြတင်းတံခါးတွေလိုက်ဖွင့်လိုက်တယ်
အားလုံး 28 ပေါက်
အလင်းကိုမတွေ့ဘူး မှောင်နေတယ် ဒီဘက် ကမ္ဘာတခြမ်းမှာ
တချိန်ချိန်မှာ အလင်းတွေ့နိုင်စေဖို့ မီးတွေ ထွန်းညှိလိုက်တယ်
အားလုံး 28တိုင်
မပျံသန်းနိုင်ပါဘူး တခြားလွတ်မြောက်ရာ နယ်ပယ်တစ်ခုစီကို
တချိန်ချိန်မှာ ပျံသန်းနိုင်ဖို့ ငှက်ကလေးတွေကို လှောင်ချိုင့်ထဲက လွှတ်ပေးလိုက်တယ်
အားလုံး 28ကောင်
နင် ဖြစ်ချင်တာတွေ ဖြစ်အောင် မလုပ်ပေးနိုင်တဲ့ ငါ့ဘဝ
အားမရပေမဲ့လဲ တတ်နိုင်တဲ့ တနေရာကပဲ
ငါ ဆုတောင်းပေးပါရစေ သူငယ်ချင်း
မင်း ဒီဘ၀က အမြန်ချက်ချင်း လွတ်ကင်းနိုင်ပါစေလေ…


2 Kommentare:
ကဗျာဖတ်ပြီး ဝမ်းနည်းစွာနဲ့ ဆုတောင်းပေးသွားပါတယ်။
me too ...
တောင်းတဲ့ဆုနဲ့ပြည့်စုံပါစေ
သူငယ်ချင်း
Post a Comment