At Henderson Waves

စင်ကာပူကိုရောက်နေတာ ၁၀ရက်ကျော်သွားပီ
တချို့နေရာလေးတွေ ရောက်ဖြစ်ပေမဲ့ ဓါတ်ပုံမရိုက်ဖြစ်တာနဲ့ပဲ ပို့စ်မတင်ဖြစ်ဘူး
မနေ့ကတော့ Henderson Waves ဆိုတဲ့ မီတာ ၃၀၀ လောက်ရှည်တဲ့ သစ်သားတံတားကြီးဆီသွားပီး လမ်းလျှောက်ဖြစ်တယ်
ဇင်ကိုလတ်ဆီ ငါဘယ်ရောက်နေလဲသိလားဆိုပြီး မတ်စိပို့ပြီး လှမ်းကြွားလိုက်တာ အဲဒီနေရာကို သူတောင်သိပ်မသိလို့ တော်တော်ပျော်သွားတယ် အဟိဟိ(ဒီနှစ် မေ ၁၁ လောက်ကမှ ဖွင့်တာနဲ့တူတယ်)

အဲဒီမှာ ဓါတ်ပုံတွေများကြီး ရိုက်လိုက်တယ်
Mount Faber နဲ့ Telok Banglah Hill နှစ်ခုကို ဆက်ထားတဲ့ တံတားကြီးဗျ
လှမှလှနော် ရှုခင်းတွေကလဲ လန်းတယ် ပျော်စရာကြီးပဲ


စင်ကာပူရဲ့ အမြင့်ဆုံး pedestrain bridge တဲ့
elevated walkway ကိုလျှောက်ရတာတော့ ညောင်းသဗျို 1.3km တောင်ရှိတယ်လေ
jogging လုပ်နေတဲ့သူတွေလဲများသား
တချို့ကတော့ပျင်းမယ်ထင်တယ် ဘာမှလဲလုပ်လို့မရပဲဆိုပြီးတော့လေ
ကျမနဲ့ စကားပန်းနဲ့ကတော့ သယ်လာတဲ့အိတ်တွေအထုပ်တွေကို တွေ့ကရာနေရာချထားပီး ဓါတ်ပုံတွေရိုက်လိုက်
ပစ်ချထားတဲ့ဟာတွေ ပြန်ကောက်သယ်ပြီးလမ်းလျှောက်လိုက်နဲ့ ရှုပ်ပြီးပျော်နေတာပါပဲ
ပြန်တော့မှ ဘယ်လမ်းကပြန်ရမှန်းမသိလို့ သူများကိုမေးစမ်းပြီး အောက်က bus stop ကိုရောက်အောင်ပြန်ဆင်းရတယ် အဟဲဟဲ
သွားချင်ရင်တော့ Toapayoh Bus Interchange ကနေ 145 စီးပြီး အဲဒီပုံမှာမြင်ရတဲ့ တံတားကြီးအကျော်က မှတ်တိုင်မှာဆင်း တောင်ပေါ်ကိုလမ်းလျှောက်တက်ဗျို
အပြန်ကိုလဲ 145စီးပြီးပဲ Toapayoh ပြန်လာပေါ့
ကျန်တာတော့ ညွှန်ပြတတ်ဘူးဗျာ...
စကားမစပ် စင်ကာပူကဘလော့ဂါတွေ ပျော်ပွဲစားသွားမလား နာက ပါးစပ်စိုက်မယ်လေ အဟိဟိ

ဆက်ဖတ်ရန် ...

သံလွင်အိပ်မက် အတွဲ (၂)၊ အမှတ် (၂) သို့မဟုတ် Thanlwin.com ရဲ့ နောက်ထပ်ခြေတစ်လှမ်း

ပြီးခဲ့တဲ့ ဧပြီလအတွင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ သံလွင်အိပ်မက် အတွဲ (၂)၊ အမှတ် (၁) ကိုထုတ်ဝေခဲ့အပြီးမှာ ယခုတဖန် ထူးခြားကောင်းမွန်သော အဆင်အပြင်များဖြင့် သံလွင်အိပ်မက် အတွဲ (၂)၊ အမှတ် (၂) ကို ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ ထပ်မံဖြန့်ချီလိုက်ပြီဖြစ်ပါတယ်။


သံလွင်အိပ်မက် အတွဲ(၂)၊ အမှတ်(၂)၏ မျက်နှာဖုံးဒီဇိုင်း



ဒီတခေါက်မှာ ထူးခြားချက် အချို့ရှိနေပြီး ပထမဆုံး ထူးခြားချက်ကတော့ သံလွင်အိပ်မက်နဲ့အတူ မူရင်း website ဖြစ်တဲ့ www.thanlwin.com ကိုပါ CMS တစ်ခုအသုံးပြုပြီး Portal ဆန်ဆန်အဆင့်မြှင့်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သတင်း၊ ဖိုရမ်နဲ့ စိတ်ဝင်စားဖွယ် ဘလော့ဂ်များကိုလည်း တွဲဘက်တင်ဆက်ထားပါတယ်။ သံလွင်အိပ်မက်ကတော့ thanlwin.com ရဲ့ Product တစ်ခုအနေနဲ့ပါဝင်နေတာဖြစ်ပါတယ်။ Issue တစ်ခုနဲ့တစ်ခုအကြားမှာရတဲ့ သုံးလဆိုတဲ့အချိန်အတွင်းမှာ အကောင်းဆုံးနဲ့ အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားတင်ဆက်ထားပါတယ်။ Open Source နည်းပညာပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ အယ်ဒီတာ ကိုညီညီ(သံလွင်)ရဲ့ အချိန်ပေးကြိုးပမ်းမှုကြောင့် ဆိုရင်လည်း မမှားပါဘူး။ အခု သံလွင် အတွဲ (၂) အမှတ် (၂) မှာ စာဖတ်သူတွေအနေဲ့ ဝေဖန်အားပေးနိုင်တဲ့ comment တွေ၊ အမှတ်ပေးနိုင်တဲ့ rating လို features လေးတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

နောက်ထပ်ထူးခြားချက်ကတော့ သံလွင်ရဲ့ အမာခံစာရေးသူတွေ အင်အားတောင့်တင်းစွာနဲ့ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ သံလွင်အိပ်မက်ဝိုင်းတော်သားတွေဖြစ်တဲ့ နေဘုန်းလတ်၊ ညီညီ(သံလွင်)၊ ကိုငယ်(မန္တလေး)၊ စကားပန်း၊ အေးချမ်း(သံလွင်)၊ လက်တွဲဖော် ဘလော့ဂ်ဂါများဖြစ်တဲ့ ဘုန်းဘုန်းးဦးကောဝိဒ၊ နိုင်းနိုင်းစနေ၊ ပန်ဒိုရာ၊ မိုးလှိုင်ည၊ ဂျစ်တူး၊ မွန်းသက်ပန်၊ အိမ့်ချမ်းမြေ့၊ ကိုဖြိုး၊ အောင်ပိုင်စိုး၊ ဆုဝေ၊ ညိမ်းညို၊ နငယ်၊ အမာခံကလောင်ရှင်တွေဖြစ်တဲ့ ခရေဖြူ၊ ညီသစ်၊ ကိုလေး(ဆေး-၁)၊ နန်းသက်ထား၊ ဇေသန်း၊ ခန့်ငြိမ်းသစ်၊ သံလွင်အိပ်မက်ရဲ့ကလောင်သစ်များအဖြစ် မယ်ကိုး၊ ဒီဝိုင်း၊ ကမ္ဘာစိုးမင်း စသူတို့ရဲ့ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ အက်ဆေးများကို အားပါးတရဖတ်ရှုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထည့်သွင်းနေကြဖြစ်တဲ့ ကာတွန်း၊ အင်တာဗျူး၊ ပေးစာ၊ ဗေဒင်တို့ကိုလည်း ရိုးရာမပျက် ဖတ်ရှုရဦးမှာဖြစ်တဲ့အတွက် သံလွင်အိပ်မက် ကို အလည်တစ်ခေါက်တော့ လာရောက်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

အဟိ အဲဒီအပေါ်က ဟာတွေအကုန်လုံး မောင်ပွတ်ပို့စ်ကမလာတာလေ သံလွင်အိပ်မက် အတွဲ (၂)၊ အမှတ် (၂) သို့မဟုတ် Thanlwin.com ရဲ့ နောက်ထပ်ခြေတစ်လှမ်း

ဆက်ဖတ်ရန် ...

အာဇာနည်နေ့ ဒို့မမေ့ (သို့မဟုတ်) ၁၉ ဇူလိုင် မမေ့နိုင်

မနှစ်က ဒီလိုအချိန်မှာ ဒီပို့စ်ကို လွတ်လွတ်လပ်လပ် ရေးဖို့အခွင့်အရေးမရခဲ့ဘူး။ ဒီလိုပို့စ်မျိုးတင်ရင်တောင်မှ နိုင်ငံရေးမှုနဲ့ ပုဒ်မတပ်ခံရမှာလိုလိုမျိုး။ ဟူးးးးးးမြန်မာမှာတုန်းက ဒီလိုကြုံခဲ့တယ်။ ဒီနှစ်တော့ စင်ကာပူမှာ ရေးဖြစ်မလား စဉ်းစားသေးတယ်။ စားသုတ်သုတ် သွားသုတ်သုတ်နဲ့ပဲ တိုပါရိုးက စင်ထရယ်ကိုသွားတုန်း ဖုန်းမတ်ဆေ့ခ်ျလေးဝင်လာလို့ ၁၀နာရီ ၃၇မှာ တိတ်ဆိတ်ငြိမ်သက်ပြီး ခဏလေးပဲ ၀မ်းနည်းကြေကွဲလိုက်ရတယ်။ ဘ၀ဆိုတာကလဲ ဒီလိုမျိုးပဲလား။ မနှစ်က ဒီပို့စ်လေးတင်တော့ တခြားတချို့ဘလော့တွေမှာ ကိုယ်ရေးထားတဲ့အတိုင်း တသွေမတိမ်းတင်ထားတာ တွေ့ဖူးတယ်။ ဒီနှစ်မှာတော့ ဆားချက်တယ်ပြောပြော မဖတ်လိုက်ရသေးတဲ့သူတွေ ပြန်ဖတ်နိုင်အောင် ပြန်တင်လိုက်ပါတယ်နော်။

ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေးစသည့် ရေးရာ အဖြာဖြာနှင့် ပါတ်သက်၍ နိုင်ငံအသီးသီးတွင် မိမိတို့ နိုင်ငံဆိုင်ရာ အထိမ်းအမှတ်နေ့ ထူးနေ့မြတ်များစွာ ရှိသည့် အတိုင်း အမြတ်တနိုး ကျင်းပလေ့ ထိန်းသိမ်းလေ့ ရှိကြသည်။ Globalization ဖြစ်လာသည့် အတွက် တခြားနိုင်ငံများဆီမှ အလေးအမြတ်ပြုခြင်း၊ တန်ဖိုးထားခြင်းတို့နှင့် ယှက်နွယ်သော နေ့ထူးနေ့မြတ်များဖြစ်သည့် ချစ်သူများနေ့၊ အဖေနေ့၊ အမေနေ့၊ ကမ္ဘာ့ ကြက်ခြေနီနေ့၊ ကမ္ဘာ့ ဘလော့ဂ်နေ့ စသည်ဖြင့် စိမ့်ဝင်လာသော နေ့ ရက်များတစတစ များပြားလာသည်နှင့် အမျှ ကျမတို့ ဇာတိမြေ အမိနိုင်ငံတော်မှာလည်း လေးစားဖွယ်၊ မြတ်နိုးဖွယ်ကောင်းတဲ့ အစဉ်အလာနှင့် တကွ သမိုင်းဝင်ဖြစ်ရပ်များ၊ သမိုင်းဝင်ပုဂ္ဂိုလ်နဲ့ ပါတ်သက်တဲ့ သမိုင်းဆိုင်ရာ နေ့ထူးနေ့မြတ်များကို မေ့ထားဖို့ မသင့် ပါဘူး။

ကိုပုထုဇဉ်ကသူ့ ရဲ့ ပို့စ်တစ်ခုထဲက မှတ်ချက်မှာ ပြောဖူးတယ် “ဆဲဗင်းဇူလိုင်လို နေ့မျိုးကို မှတ်မိနေရတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့ မမှတ်မိအောင် သမိုင်းမှာ အသေအချာ အာဏာနဲ့ ဖျောက်ဖျက်ခံထားရတဲ့ နေ့မို့လို့ကို မှတ်မိတာပါပဲ။

ဥပမာပေးရရင် ထိုင်းနိုင်ငံသားတွေက သူတို့ ဘုရင်မင်းမြတ်ရဲ့ မွေးနေ့ကို မမှတ်မိရင် ဘာဖြစ်မလဲ၊ ဘာမှမဖြစ်ဘူး။ ဘုရင်ကို စိတ်ထဲက အမြဲလေးစားနေရင် ပြီးတာပါပဲ။ မွေးနေ့ဆိုတာ နှစ်တစ်နှစ်ထဲက နေ့တစ်ရက်ပဲ၊ ဘာဖြစ်လဲပေါ့။ အဲဒီမွေးနေ့ကို ကိုယ်မမှတ်မိရင် မှတ်မိတဲ့လူတွေ၊ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်၊ သူတို့တွေက ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်နဲ့ တနိုင်ငံလုံးမှာ လှုံ့ဆော်ခွင့် ရှိလို့ လှုံ့ဆော်ရင် မေ့နေသူများလည်း သတိရမှာပဲ၊ ဒီအစဉ်အလာ အဖြစ်အပျက်ကလည်း ပျောက်ပျက်သွားမှာ မဟုတ်ဘူး၊ သမိုင်းစာမျက်နှာတွေ ပေါ်မှာရှိနေမှာပဲ၊ ပြဋ္ဌာန်းစာအုပ်တွေထဲမှာလည်း နေရာပေး ဖော်ပြခံနေရတာပဲ။ အဲဒီတော့ ထိုင်းနိုင်ငံသားတွေက ထိုင်းဘုရင်မွေးနေ့ကို မှတ်မိဖို့ အထူးအားထုတ်နေစရာ မလိုဘူး၊ မေ့လည်း ကိစ္စမရှိဘူး၊ It makes little difference, so they can afford to forget it.

ဆဲဗင်းဇူလိုင်၊ ကိုဖုန်းမော်နေ့ စတဲ့နေ့များကြတော့ လုံးဝ မတူတော့ဘူး။ မျိုးဆက်သစ်လူငယ်တွေက ဒီလိုနေ့မျိုးတွေကို မသိလေကောင်းလေ၊ သိပြီးသူတွေလည်း မမှတ်မိလေ ကောင်းလေဆိုပြီး သမိုင်းကနေ ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတဲ့ အာဏာပိုင်တွေရှိတယ်၊ ဒီအကြောင်းတွေ ဘယ်ပြဋ္ဌာန်းစာအုပ်မှာမှ မပါဘူး။ တနိုင်ငံလုံး ထုတ်ဝေခွင့်ရနေတဲ့၊ ပွင့်ပွင့်လင်းလင်း ရောင်းဝယ်နေတဲ့ စာအုပ်တွေထဲမှာ အရေးတယူ ဖော်ပြခံရတာ မရှိဘူး။ အဲဒီတော့ ဒီလို အဖြစ်အပျက်တွေကို ကျွန်တော်တို့ကမှ မမှတ်မိရင် အနာဂတ်မှာ ဘယ်သူကမှ မှတ်မိမှာမဟုတ်ဘူး၊ သမိုင်းကနေ တခါတည်း ပျောက်သွားမှာပဲ။ တနည်းပြောရင် ဒီလို ဆဲဗင်းဇူလိုင်လို အဖြစ်အပျက်မျိုးဟာ “စာမျက်နှာပေါ် အတင်မခံရတဲ့ သမိုင်း” ဖြစ်တဲ့အတွက် “နှလုံးသားထဲမှာ ထည့်ကို ထည့်ထားရမယ့် သမိုင်း” ဖြစ်နေတယ်။ အထူးသဖြင့် မျိုးဆက်သစ်များရဲ့ နှလုံးသားပေါ်မှာ ရှိနေရမယ့် သမိုင်းဖြစ်တယ်။ အခုကိစ္စမှာ မျိုးဆက်သစ်တွေကို အပြစ်ပြောနေတာ မဟုတ်ပါ။ မသိလို့ မရှိတာ ဘယ်တတ်နိုင်ပါ့မလဲ။ သိပြီးတဲ့ နောက်မှာတော့ ရှိနေစေချင်တာပါပဲ။ သူတို့မှ ဒီအကြောင်းတွေကို မမှတ်မိရင်၊ မသိရင်၊ ဒီအဖြစ်အပျက်တွေဟာ အသက်တွေကြီးလာပြီဖြစ်တဲ့ လူဟောင်းတွေနဲ့အတူ သမိုင်းက တခါတည်း ပျောက်သွားမှာပဲ။ အဲဒါကြောင့် ကျွန်တော်တို့အတွက်ကြတော့၊ It makes a huge difference, so we cannot afford to forget.”

မနက်ဖြန် ဇူလိုင်(၁၉) ရက်နေ့ ဟာဆိုရင်လဲ ကျမတို့ အတွက် မမေ့သင့် မမေ့ အပ်တဲ့ ကျမတို့ နိုင်ငံရဲ့ သမိုင်းမှာ အလေးအမြတ်ထားကိုထားရမဲ့ မျိုးဆက်သစ်များရဲ့ နှလုံးသားပေါ်မှာ ရှိနေရမယ့် သမိုင်းဝင် အာဇာနည်နေ့ ဖြစ်ပါတယ်။
ကိုကဒေါင်းညင်သာကလဲ “ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်များ ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၆၀ တိုင်တော့မည် ဖြစ်ပါသည်။ ထို အာဇာနည် ၉ ဦးအား နှစ်အဆက်ဆက် ဂုဏ်ပြုခဲ့သည်မှာ ကျနော်တို့ ၁၉၈၈ နောက်ပိုင်း အစိုးရလက်ထက်တွင် မှေးမှိန်ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ပါသည်။ ထိုအာဇာနည် ၉ ဦးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့ ဖြစ်ကြပါသည်။

ကျနော်တို့ ဘလော့ဂါများမှလည်း နိုင်ငံ၏ သားကောင်းရတနာများ ဖြစ်သည်နှင့် အားလျော်စွာ ထို အာဇာနည် ၉ ဦးကို သိတတ်သည်နှင့်အညီ ဂုဏ်ပြုရမည့် ၀တ္တရား ရှိပါသည်။” ဆိုပြီး ဆော်သြထားပါသည်။

အာဇာနည်နေ့ ဆိုတာနဲ့ ပါတ်သက်တဲ့ အဓိပ္ပါယ်ဖွင့် ဆိုချက်ကိုတော့ စာသံပေသံနဲ့ မပြောပဲ ကျမ ရိုးရိုးရှင်းရှင်း နားလည်ဖူးတာက စွန့်လွှတ်